Sunday, June 22, 2008

တန်ခိုးရှင်များလားပဲ

၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ကျွန်မ သူငယ်ချင်းတစ်ယောက် မြန်မာပြည်ခဏ ပြန်ပါတယ်။ မိသားစုလိုက် မြန်မာပြည်ကနေ စွန့်ထွက်လာတဲ့သူတွေမို့ မြန်မာပြည်မှာ ပိုင်ဆိုင်မှုကတော့ ဘာမှမရှိသလောက်ပါပဲ။ သူများတိုင်းပြည်တွေမှာ လက်ကိုင်ဖုန်းဆိုတာ အိမ်သာဆေးတဲ့လူတောင် နောက်ဆုံးပေါ် handset နဲ့။ မြန်မာပြည်မှာတော့ လူကြီးနဲ့ ကပ်နိုင်တဲ့လူနဲ့ ပိုက်ဆံပေါတဲ့လူလောက်ကိုင်နိုင်တာမလား။ ဒီကပြန်တဲ့လူတွေခမျာလဲ သနားစရာ။ ဖုန်းမရှိရင် "အ" နေသလိုပဲ။ အဲဒါနဲ့ သူငယ်ချင်းလဲ သူ့အသိတစ်ယောက် ဆက်သွယ်ပေးတဲ့ ဖုန်းတစ်လုံးကို ငှားဖို့ ဆက်သွယ်တော့ သင်္ကန်းကျွန်းမှာဆိုတာနဲ့ ကျွန်မကလဲ မြန်မာပြည် ရောက်နေတုန်းဆိုတော့ အတူလိုက်သွားခဲ့ပါတယ်။ လိပ်စာအတိုင်းရှာမတွေ့လို့ ဖုန်းလှမ်းဆက်တော့ ဖုန်းကိုင်တဲ့ လူကြီးတစ်ယောက်က တစ်လမ်းလုံးမှာ အကြီးဆုံးအိမ်လေတဲ့ တိုက်ဝါ၀ါကြီးတဲ့။
ကွန်မတို့ ရှာတွေ့လိုက်ပါတယ်။ အိမ်က လမ်းမကြီးကနေ လမ်းတိုလေးတစ်ခုလိုဖြစ်နေတဲ့ လမ်းလေးရဲ့ အတွင်းဆုံးထိပ်မှာပါ။ အတွင်းဆုံးဆိုပေမဲ့ လမ်းက ပေ ၅၀ လောက်သာ ရှည်ပါတယ်။ အိမ်လဲ အဲဒီအိမ် တစ်အိမ်ထဲပါ။ လမ်းလေးကတော့ တစ်လမ်းလုံးအပြည့် စောင်လိုလို အစအရှည်ကြီးတွေ အပြည့် (လှမ်းထားတာထင်ပါရဲ့) ပါပဲ။ ကျွန်မတို့လဲ ကားလမ်းဘေးရပ်ပြီး လမ်းလျှောက်ဝင်လိုက်ရပါတယ်။ အိမ်ထဲရောက်တော့ ပခုံးပေါ်မှာ (မြန်မာပြည်မှာ ပေါပေါလောလောရတဲ့ ကြယ်ပွင့် ၃ ပွင့်နဲ့ တစ်ဘားလားမမှတ်မိတော့) ပြောင်ပြောင်လတ်လတ် အပွင့်တွေနဲ့ မြန်မာပြည်ရဲ့ ချီးထုပ်ယူနီဖောင်းနဲ့ တစ်စက်မှ မေတ္တာထားစရာမကောင်းတဲ ဥပတိ၇ုပ်နဲ့ အသက် ၅၀ လူတစ်ယောက်ရဲ့ ပန်းချီလိုလို ဓါတ်ပုံလိုလိုဟာကြီးက ၀င်ဝင်ချင်း မြင်လိုက်ရတယ်(ညွှန်းတာတော်တော်ရှည်သွားတယ်)။ ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတာက အသက် ၅၀ လောက်ပဲရှိမဲ့ လူကြီးတစ်ယောက်။ အတိုချုန်းပြောရရင် သူ့သမီးက ဖုန်းမသုံးဖြစ်လို့ ငှားရတာပေါ့ရှင်။ ပိုက်ဆံကတော့ အရေးမကြီးပါဘူးဆိုတာက ပါသေး။ စချုပ် လက်မှတ်ထိုးတော့ သူက အသိသက်သေ။ သူ့သမီးဆိုတဲ့ အမျိုးသမီးတစ်ယောက်က လက်မှတ်ထိုးတယ်။
အဲ..... ဖုန်းကို ကျွန်မသူငယ်ချင်းသုံးနေတာ တစ်ပတ်လောက်အကြာမှာတော့ ကွန်မနဲ့တူတူရှိနေတုန်း ဖုန်းဝင်လာတယ်။ နံမည်တစ်ခုကိုမေးတယ်ရှင်။ ကျွန်မသူငယ်ချင်းက မဟုတ်ဘူး ဖုန်းများနေတယ်ဆိုပြီးချပလိုက်တယ်။ နောက်တစ်ခါ ထပ်ဝင်လာတယ်။ ၀င်ဝင်လာချင်းပဲ ဟိုဘက်က "ဟေ့.... မင်းဘယ်သူလဲ ဘာကိစ္စ ဒီဖုန်းက မင်းလက်ထဲ ရှိနေတာလဲ။ ပိုင်ရှင်ကို သွားပြန်ပေးလိုက်စမ်း" တဲ့။ ငါ နေပြည်တော်က ဆက်နေတာ ဆိုတာက ပါသေးတယ်။ ကွန်မ သူငယ်ချင်းကလဲ ခပ်စွာစွာဆိုတော့ ပိုက်ဆံပေးငှားတာ ဘာကိစ္စပြန်ပေးရမှာလဲဆိုတော့။ "ဘယ်သူက ဘာကိစ္စ ငှားရတာလဲ ဒါ ငှားစားတဲ့ ဖုန်းမဟုတ်ဘူး.. မင်းကိုငါအခုပြန်ဆက်မယ်... ဖုန်းပိတ်ထားရဲ ပိတ်ထားကြည့်" ဆိုပြီး ဟောက်ပြီး ချသွားတယ်။ နောက် ၁၀ မိနစ်လောက်ကြာတော့ ပြန်ခေါ်တယ်။ "မင်း ဒီဖုန်းကို ပြသနာ မတက်ချင်ရင် သွားပြန်ပေးလိုက်ပါ" တဲ့။ သူငယ်ချင်းကလဲ စပီကာဖွင့်ပြီးကို ပြန်အော်တာစုံနေတာပဲ။ "ဒါ ငါ့မိန်းမဖုန်း.... လူတကာကို လျှောက်ငှားစားတဲ့ ဖုန်းမဟုတ်ဘူး... ခုသွားပြန်ပေးလိုက်စမ်း" တဲ့။ အဲဒီတုန်းက အချိန်က ၉နာရီ ကျော်ပြီ။ ကွန်မတိုကက မြို့ထဲမှာ။ လူတကာ မငှားစားလဲ သူ့မိန်းမကိုယ်တိုင် လက်မှတ်ထိုးပြီး ငှားထားတဲ့ဖုန်းပဲ။ အဲဒါနဲ့ သူငယ်ချင်းက "လိုချင်ရင် ရှင့်မိန်းမကို ကိုယ်တိုင် လာယူခိုင်းလိုက်။ ပြီးရင် ရှင်ကျွန်မကို ပြောတာတွေအတွက်လဲ တောင်းပန်ပါတယ်ဆိုတဲ့ စကားပြောမှာ ပြန်ပေးမယ်" လဲဆိုရော အဲဒီ နွားဝဲစားက ကျွန်မတစ်သက်လုံး ဦးနှောက်ထဲစွဲသွားမဲ့ စကားတစ်ခွန်းကို ပြောတော့တာပါပဲ။ "မင်းငါပြောသလိုသာလုပ်လိုက်ပါ... ငါ့ကို ပြန်အော်တာမျိုးမလုပ်ပါနဲ့..... မြန်မာနိုင်ငံမှာ ငါလုပ်ချင်တာ လုပ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့" တဲ့။ ပြီးတော့ ဖုန်းချသွားတယ်။
ကွန်မ သူငယ်ချင်းလဲ နောက်နေ့မနက်ပဲ ရှုပ်ရှုပ်ရှက်ရှက်တွေ ဆက်မပက်သက်ချင်တော့တာနဲ့ ဖုန်းလာယူဖို့ ဖုန်းဆက်လိုက်ပါတယ်။ ဖုန်းလာယူပြီး ပေးထားသမျှ ပိုက်ဆံ အကုန်ပြန်ပေးသွားပါတယ်။ ကျွန်မသူငယ်ချင်းလဲ ဒီပြန်ရောက်ရောက်ချင်းသူ့မိတ်ဆွေကို ဖုန်းဆက်ဆဲတော့တာပဲ။ အဲ့ကျမှ ဇာတ်လမ်းစုံသိရတော့တယ်။ ဖုန်းဆက်တာက ဟိုဓါတ်ပုံထဲက မျောက်ရုပ်နဲ့ မျောက်လူကြီး။ လက်မှတ်ထိုးတာက သူ့မိန်းမ။ အိမ်မှာ စကားကြီး စကားကျယ်တွေပြောနေတာက အဲ့ဘဲကြီးရဲ့ ယောက္ခထီးကြီး။ ကွန်မတို့ အဘိုးကြီး မိန်းမလဲ တွေ့လာပါတယ်။ ယောက္ခမနဲ့ သမက် ဘယ်သူက ကြီး ဘယ်သူကငယ်လဲတောင်မသိဘူး။ အဘိုးကြီးက အရင်က မျောက်ကြီးရဲ့ ဒရိုင်ဘာ။ နောက် သမီးပေးပြီး ချမ်းသာရာလမ်းကြောင်းလိုက်ပေမဲ့လဲ သမက်ပြန်လာရင် သမက်ကားလိုက်မောင်းပေးနေရတုန်း။ သူက သမက် နေပြည်တော်တာဝန်ကျနေတုန်း သမက်ကလဲ အိမ်ဖုန်းပဲ ဆက်ပြီး သမီးဟန်းဖုန်းဆက်ခဲတော့ အပြင်ဝင်ငွေရှာတာ ဖုန်းငှားစားပြီး။ ကံဆိုးချင်တော့ ဟိုမျောက်ကြီးက ထူးထူးဆန်းဆန်း ဟန်းဖုန်းကိုဆက်လိုက်တော့ ဘဲကြီးလဲ ဂိန်ရောပဲ။ ဇာတ်သိမ်းအနေနဲ့ကတော့ ယောက္ခမ အဘိုးကြီးကို သမက်က အော်ဟစ်ဆူပူကြိမ်းမောင်းဆဲဆိုပြီး အိမ်ပေါ်က နှင်ချလိုက်တာပါပဲ။
ကျွန်မဦးနှောက်ထဲစွဲနေတာကတော့ မြန်မာပြည်မှာ ငါဘာလုပ်လုပ်၇တယ်ဆိုတဲ့ စကားပါပဲ။
ဟိုမျောက်ကြီးရဲ့ အမည်နဲ့ ရာထူးကိုတော့ ကျွန်မ သူငယ်ချင်းက သူ့မိတ်ဆွေနဲ့ကြုံကြုံ မကြုံကြုံ အတင်းလိုက်မေးလိုက်ဦးမယ်တဲ့.။ ကျွန်မလဲ အဲ့ကျမှ အားလုံး မေတ္တာပို့လို့ရအောင် ဖော်ပြပေးပါဦးမယ်။

No comments: