နင်က ငါ့နားခိုရာ မိုးကောင်းကင်ကြီးပါ။
ဒါပေမဲ့ နင့်ရဲ့ အညှိးတကြီးမိုးတွေကနေ ကာကွယ်ပေးမဲ့ ထီးကလေးရှိလာတဲ့အခါ။
နင်က ငါမှီတွယ်ရာ ကမ္ဘာမြေပြင်ကြီးပါ။
ဒါပေမဲ့ နင့်ရဲ့ ကြမ်းတမ်းမာကြောတဲ့ ဆူးငြောင့်ခြိုင့်ခလုတ်တွေကနေ ကာကွယ်ပေးမဲ့ ဖိနပ်လေး ရှိလာတဲ့အခါ။
နင်ဟာ ငါအပန်းဖြေစရာ ပင်လယ်ပြင်ကြီးပါ။
ဒါပေမဲ့ နင့်ရဲ့ ရက်စက်တဲ့ လှိုင်းလုံးတွေအောက်နစ်မြုပ်မသွားအောင် ကာကွယ်ပေးမဲ့ လှေငယ်လေး ရှိလာတဲ့အခါ။
နင်ဟာ ငါအသက်ရှုရှင်သန်ရာ လေထုကြီးပါ။
ဒါပေမဲ့ နင့်ရဲ့ မာန်ဟုန်ပြင်းပြင်း လေမုန်တိုင်းဒါဏ်က ကာကွယ်ပေးမဲ့ တံတိုင်းငယ်လေးရှိလာတဲ့အခါ။
ငါလေ.......
နင့်ရဲ မိုးတွေ အက်စစ်ဖြစ်နေပါစေ ငါမြိုချမိမှာပါ။
ငါလေ......
ဆူးငြောင့်ခလုတ်တွေပေါ်ပဲ နှစ်ခြိုက်စွာ အိပ်မောကျချင်တာပါ။
ငါလေ......
နင့်လှိုင်းလုံးတွေကြား ကူးလူးပျော်ရွှင်နိုင်တဲ့ ရေသူမလေးပဲ ဖြစ်ချင်တယ်။
ငါလေ......
နင်လေနှင်ရာ လွင့်နေမဲ့ ရွက်ဝါကလေးပဲ ဖြစ်ခွင့်ရမယ်ဆိုလေ။
ငါလေ......
ငါ နင့်တစ်ယောက်သာ ထာဝရချစ်ချင်တာပါ။။
Monday, December 15, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment