Sunday, June 22, 2008

တကယ်လို့

တခါတလေ ဖြစ်ချင်တာလေးတွေ စိတ်ကူးယဉ်ပြီး ကိုယ့်ကိုကိုယ် ပျော်အောင်နေတက်တာလဲ ကျွန်မ အကျင့်တစ်ခုပါပဲ။ ခုတော့ ဒီ ဘလော့လေးဟာ ကျွန်မရဲ့ ဒိုင်ယာရီလေးပေါ့.. စိတ်ကူးယဉ်လိုက်တိုင်းသာ အပြင်မှာ လက်တွေ့ဖြစ်လာနိုင်အောင် ဖန်ဆင်းနိုင်တဲ့ အစွမ်းလိုချင်လိုက်တာ။ အရင်ဆုံးတော့ အချိန်တွေ နောက်ဆုတ်လိုက်မိမယ်ထင်တယ်။ တကယ်လို့သာ ဖြစ်နိုင်ရင် မြန်မာပြည်က နားဂစ်မုန်တိုင်းနဲ့ တရုတ်ပြည်က ငလျင်ကို နေရာလဲလိုက်ချင်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံသာ တရုတ်ပြည်လို တိုက်တွေနဲ့နေနိုင်ရင် ဒီမုန်းတိုင်းမျိုးလဲ သေလှ တစ်ထောင်လောက်ပေါ့။ တကယ်လို့သာ တရုတ်ပြည်လဲ မြန်မာနိုင်ငံလို တဲလေးတွေနဲ့သာနေနိုင်တဲ့ နေရာမျိုးဆို ငလျင်ဘယ်လောက်လှုပ်လှုပ် မြေပြိုတာကလွဲလို့ အိမ်ပြိုလဲ အဆိုးဆုံးဖြစ်လှ ထိပ်ပေါက် ခေါင်းကွဲပေါ့။ ဒါလဲ တိုင်းပြည်ချမ်းသာအောင်လုပ်ခဲ့မိတဲ့ သူတို့ခေါင်းဆောင်တွေအပြစ်ပဲ။ ဒါကတော့ ကျွန်မပြောမှလား။ ကလေးတောင်သိတယ်။
အင်းနော်...။ ဒဂယ်လို့ နေရာမလဲပဲ အစိုးရလဲလည်း ဖြစ်နိုင်တာပဲ။ သန်းရွှေကြီး တရုတ်ပြည်ပို့လိုက်ရင် အနည်းဆုံးတော့ မြန်မာပြည်သူတွေ မုန်တိုင်းကြမ်းမယ် စစ်တပ်အာဏာနဲ့ ဘယ်ပြောင်းနေပါ၊ ဘယ်ရွှေ့နေပါဆိုတာလေး ပြောရင်ကိုဖြင့် ကျွန်မတို့ လူမျိုးတွေ ဒီလောက်သေပါ့မလား။ ကျွန်မ "တကယ်လို့" တွေ အများကြီး စဉ်းစားမိတယ်။ တကယ်လို့သာ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကို တိုက်မယူခဲ့ရင် အင်္ဂလိပ်တွေ လက်ထဲမှာဆိုရင်တောင် လူမျိုးချင်းချင်း နှိပ်စက်ခံနေ၇တာလောက်တောင် ဆိုးပါ့မလား။

No comments: