Thursday, September 18, 2008

အမေနှင့် ဧရာဝတီ

အမိမြေရေ
ဖြစ်ပြီး ပျက်တဲ့ သဘောတရားကို ဝေးတမြေက သက်သေပြလိုက်တာလား
ကျွန်တော့ကိုပဲ စိန်ခေါ်တာလား။
ဘာဆိုဘာမှ မတက်နိုင်တဲ့ ဘ၀မှာ
ကွယ်ရာသွား အသံကောင်းဟစ်တယ်ပဲ အမေပြောမလား။

မျက်ရည်တိုင်းကို မဆည်နိုင်ပေမဲ့
သူများမြေများခံစားပြီးတော့
လက်လှမ်းမှီတဲ့ အမေ့သားသမီးတိုင်းကို စံစားစေချင်တယ် အမေ။
အမေ့ရင်ကို ခြေစုံကန်တာမဟုတ်ရပါဘူး။

လူမဆန်သူတချို့ ရဲ့ အကျည်းတန်တဲ့ ရက်စက်မှုအောက်မှာ
အမေ မကျဆုံးလိုက်ပါနဲ့ ။
အမေ့ အလှတရား သဘာဝအားမာန်များနဲ့ 
ဆက်လက်စိမ်းလန်းနေပေးပါ အမေ။

သနားစရာ ကောင်းတဲ့ လူမမယ်သားသမီးတွေအတွက်
အမေမပျက်သုဉ်းလိုက်ပါနဲ့ ။
ကျွန်တော်တို့  အမေ့ကိုပြန်လည်ကယ်တင်နိုင်မှာပါ..

မြင့်မြတ်လှစွာသော ဘုရားရွှေတိဂုံ၊
ကျွန်တော်တို့ ရဲ့ အသက်သွေး ဧရာဝတီနှင့်တကွ
အမေ့သဘာဝအလှတရားအားလုံး မပျောက်ပျက်စေဖို့ 
ကျွန်တော်တို့  ပြန်လာမှာပါ အမေ
အမေ့ သားသမီးအားလုံး အိမ်ပြန်လာမှာပါ။

ps.
ကျွန်မ အမေနှင့်ဧရာဝတီ ကဗျာလေးကိုရေးခဲ့တာ (၁၅.၀၆.၂၀၀၆) လွန်ခဲ့တဲ့ ၂နှစ်ကျော်က။ အသက်သွေး ဧရာဝတီ.. အသက်သွေးတွေနဲ့ အကျည်းတန်သွားခဲ့ရတဲ့ ဧရာဝတီရယ်။

No comments: